ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

မတော်တဆမှုဆိုတာ အချိန်မရွေး ဖြစ်ပွားနိုင်ပြီး သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ထိခိုက်ခြင်းနဲ့ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့လို ဘဝကို လုံးဝပြောင်းလဲသွားစေနိုင်တဲ့ အကျိုးဆက်တွေအထိ ဖြစ်နိုင်ပါတယ်။ အဲဒီလို မတော်တဆမှု တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ဒီပေါ်လစီက နစ်နာကြေး အမြန်ဆုံးထုတ်ပေးမှာဖြစ်ပြီး သင့်ရဲ့ငွေရေးကြေးရေးမှာ နစ်နာဆုံးရှုံးမှုတွေ မဖြစ်ရအောင် အကာအကွယ်ပေးမှာပါ။

  • ကိုယ်လက်အင်္ဂါ ထိခိုက်နစ်နာခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ သေဆုံးခြင်း သို့မဟုတ် ဆေးရုံတက်ကုသမှု ခံယူရခြင်းများအတွက် အကာအကွယ်ပေးခြင်း။
  • မျှော်လင့်မထားသည့် ဖြစ်ရပ်များကြောင့် ဖြစ်လာနိုင်သည့် သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်းနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းများအတွက် အကာအကွယ်ပေးခြင်း။
  • လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် လုပ်ငန်းခွင်နေရာများသို့ ခရီးသွားလာနေစဉ်အတွင်း ဖြစ်ပွားသည့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများကို အကာအကွယ်ပေးခြင်း။ ကျွန်ုပ်တို့၏ ပေါ်လစီသည် လျော်ကြေးတောင်းခံရ လွယ်ကူပြီး မတော်တဆထိခိုက်နစ်နာမှုများ ဖြစ်ခဲ့ပါက လျော်ကြေးအပြည့်အဝ ထုတ်ပေးမည်ဖြစ်ပါသည်။