ကျွန်ုပ်တို့ရဲ့ ရေယာဉ်ကိုယ်ထည်အာမခံပေါ်လစီက မြန်မာ့ရေကြောင်းလမ်းတွေမှာ ကုန်စည်တွေကို တင်သွင်းတင်ပို့လုပ်နေတဲ့ သင်္ဘောတွေကို ဆုံးရှုံးမှု၊ ထိခိုက်ပျက်စီးမှု သို့မဟုတ် ရေကြောင်းလမ်းလွဲချော်၍ ထိခိုက်ဆုံးရှုံးမှုတွေကနေ အကာအကွယ်ပေးမှာပါ။
ရိုးရှင်းလွယ်ကူတဲ့ ဒီပေါ်လစီက ကြိုမမြင်နိုင်တဲ့ အခြေအနေတွေနဲ့ မီးကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ သင်္ဘောများသောင်တင်ခြင်း၊ နစ်မြှုပ်ခြင်း သို့မဟုတ် တိမ်းမှောက်ခြင်းအပြင် အခြားအရာများနဲ့ တိုက်မိခြင်းတို့အတွက်ပါ အကာအကွယ်ပေးမှာဖြစ်ပါတယ်။
- သင်္ဘောပျောက်ဆုံးခြင်း၊ မီးလောင်ထိခိုက်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ သောင်တင်ခြင်း၊ နစ်မြှုပ်ခြင်း၊ တိမ်းမှောက်ခြင်းတို့အတွက် အကာအကွယ်ပေးခြင်း။
- ရေယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင် ရေမဟုတ်သော အခြားပြင်ပအရာဝတ္ထုတစ်ခုခုနှင့် ထိမိခြင်း၊ တိုက်မိခြင်းကြောင့် သင်္ဘောတိမ်းမှောက်ခြင်း၊ လမ်းလွဲချော်၍ ရေယာဉ်ထိခိုက်ပျက်စီးခြင်းတို့အတွက် အကာအကွယ်ပေးခြင်း။
- ကျွန်ုပ်တို့ဆောင်ရွက်ပေးမယ့် အကာအကွယ်ပေးခြင်း အသေးစိတ်ကို Institute Hull Clause ၁-၁၀-၁၉၈၃ မှာ ဖတ်ရှုနိုင်ပါတယ်။