ငွေသားလုံခြုံမှုအာမခံ

ငွေသားလုံခြုံမှုအာမခံက သင့်လုပ်ငန်းအဆောက်အဦးတွင်းမှာရှိတဲ့ မီးခံသေတ္တာထဲ သိမ်းဆည်းထားတဲ့ငွေတွေ ထိခိုက်ဆုံးရှုံးပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ မီးခံသေတ္တာထဲမှာရှိနေစဉ် ဆုံးရှုံးသွားတဲ့ငွေသားအတွက် ကုမ္ပဏီဘက်ကနေပြီး ပေါ်လစီထဲမှာ ဖော်ပြထားတဲ့ တာဝန်ရှိပမာဏထက် မကျော်လွန်တဲ့ အများဆုံးပမာဏကို ကျွန်တော်တို့ ထုတ်ပေးသွားမှာပါ။ ငွေသားထိခိုက်ပျက်စီးခြင်းအပြင် ခိုးယူဖောက်ထွင်းမှု သို့မဟုတ် သူခိုးနဲ့ အကြမ်းဖက်သမားတွေကြောင့် ထိခိုက်ပျက်စီးမှုအတွက် အကာအကွယ်ပေးမှာဖြစ်ပါတယ်။

  • ဆုံးရှုံးသွားတဲ့ငွေသားရဲ့ အမြင့်ဆုံးပမာဏကို လျော်ကြေးပေးခြင်း (ကုမ္ပဏီက တာဝန်ရှိတဲ့ ပမာဏကန့်သတ်ချက်ထက် မကျော်လွန်ပါ)။
  • ငွေသားဆုံးရှုံးမှုနဲ့ ထိခိုက်ပျက်စီးမှုအတွက် အကာကွယ်ပေးခြင်း။
  • ခိုးယူဖောက်ထွင်းမှု သို့မဟုတ် သူခိုးများ၊ အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးမှုအတွက် အကာအကွယ်ပေးခြင်း။