သမာဓိအာမခံ
သမာဓိအာမခံပေါ်လစီက လက်မှတ်တုနဲ့ အလွဲသုံးစားလုပ်မှုအပြင် ခိုးယူမှုနဲ့ အချက်အလက်ပြောင်းလဲထုတ်ယူမှုကြောင့် ဆုံးရှုံးမှုကနေ အကာအကွယ်ပေးပါတယ်။
လျော်ကြေးကိုတော့ ခိုးယူခံရတဲ့ စုစုပေါင်းငွေပမာဏ သို့မဟုတ် အာမခံထားသူရဲ့ စုစုပေါင်းဆုံးရှုံးမှုပမာဏအထိ ထုတ်ပေးမှာပါ။ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးတိုင်ပင်မှုကို အမြန်ဆုံးပြုလုပ်ပေးပြီး အချိန်မရွေး လျော်ကြေးတောင်းခံနိုင်တဲ့ ဝန်ဆောင်မှုနဲ့ နားလည်ရလွယ်ကူတဲ့ သတ်မှတ်ချက်တွေ ထားရှိဆောင်ရွက်ပေးပါတယ်။
- ဒီပေါ်လစီက အချက်အလက်တုနဲ့ အလွဲသုံးစားလုပ်မှုကြောင့် ငွေကြေးဆုံးရှုံးမှုမှန်သမျှကို အကာအကွယ်ပေးပါတယ်။
- ခိုးယူမှုနဲ့ အချက်အလက်အတု လုပ်ဆောင်ပြောင်းလဲမှုကြောင့် ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးပါတယ်။
- ဝန်ထမ်းများနဲ့ အကူဝန်ထမ်းများရဲ့ မသမာတဲ့လုပ်ရပ် သို့မဟုတ် ခိုးယူရန်ကြိုးပမ်းမှုကြောင့် ငွေသားဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။