ရကြောင်းကုန်ပစ္စည်းအာမခံ
ရကြောင်းကုန်စည်အာမခံက သင့်အနေနဲ့ မြန်မာနိုင်ငံအနှံ့မှာ ကုန်းကြောင်း၊ လေကြောင်း သို့မဟုတ် ရေကြောင်းနဲ့ ပြောင်းရွှေ့ပို့ဆောင်နေတဲ့ ကုန်စည်တွေ ထိခိုက်ဆုံးရှုံးမှုကနေ ကာကွယ်ပေးမှာပါ။ ဒီပေါ်လစီက အရည်အသွေးမြင့် အကာအကွယ်နဲ့ သင့်လုပ်ငန်းကို ကာကွယ်ပေးပြီး သင့်အနေနဲ့ ဘာကိုမှ စိုးရိမ်ပူပန်စရာမလိုဘဲ စိတ်အေးစွာ ကုန်သွယ်နိုင်မှာဖြစ်ပါတယ်။
- ကြိုမမြင်ရသော အခြေအနေများနှင့် သင်္ဘောမီးလောင်ခြင်း သို့မဟုတ် ပေါက်ကွဲခြင်းတို့ကြောင့် ဖြစ်လာမည့် ပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ်ပေးခြင်း။
- သင်္ဘောများ သောင်တင်ခြင်း၊ နစ်မြှုပ်ခြင်းနှင့် တိမ်းမှောက်ခြင်းတို့အတွက် အကာအကွယ်ပေးခြင်း။
- ကုန်းကြောင်းသယ်ယူပို့ဆောင်ရာတွင် လမ်းချော်ခြင်း သို့မဟုတ် တိမ်းမှောက်ခြင်း၊ သင်္ဘောချင်းထိခိုက်မိခြင်း၊ အခြားပြင်ပအရာနှင့် ရေယာဉ်ထိခိုက်မိ၍ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်း၊ ထိခိုက်မိခြင်းတို့အတွက် အကာအကွယ်ပေးခြင်း။