အလုံးစုံမော်တော်ယာဉ်အာမခံ

အလုံးစုံမော်တော်ယာဉ်အာမခံဆိုတာ သင့်မော်တော်ယာဉ်ကို အဘက်ဘက်ကနေ အကာအကွယ်ပေးမှာဖြစ်လို့ သင့်အနေနဲ့ စိတ်ချလက်ချ ယာဉ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင်ကား၊ အငှားဝယ်စနစ်နဲ့ စပ်တူပိုင်တဲ့ကားအပြင် လုပ်ငန်းသုံးကားကိုပါ အာမခံထားနိုင်ပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ခြင်း၊ ယာဉ်တိုက်ခြင်း၊ ယာဉ်မီးလောင်ခြင်းတို့သာမက သူတစ်ပါးလက်ချက်ကြောင့် ထိခိုက်ပျက်စီးခြင်းတွေအတွက်ပါ အကာအကွယ်ရရှိမှာပါ။

  • သင်ကိုယ်တိုင်ကြောင့်ဖြစ်တဲ့ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု၊ မီးဘေးကြောင့် ယာဉ်မီးလောင်မှု၊ ယာဉ်မှ အလိုအလျောက် မီးလောင်မှုတို့အတွက် လျော်ကြေးပေးခြင်း။
  • အခြားသူ၏ မသမာမှုများကြောင့် သင့်ယာဉ်ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးပေးခြင်း။
  • လမ်း၊ ရထား၊ ဓါတ်လှေကားတို့ပေါ်မှ အတင်အချပြုလုပ်ရာမှ မတော်တဆမှုကြောင့် ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးပေးခြင်း။
  • အပေါ်မှပြုတ်ကျလာသော ပစ္စည်းများကြောင့် ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးပေးခြင်း (သဘာဝ၏ စေ့ဆော်နှောင့်ယှက်မှုကြောင့် ဖြစ်ပွားခြင်းမပါဝင်ပါ)။
  • အာမခံထားသည့်ယာဉ်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာခြင်းများဖြစ်သည့် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရရှိခြင်း ဖြစ်ခဲ့ပါက ထိခိုက်နစ်နာသူအတွက်ပါ လျော်ကြေးပေးခြင်း။