• English
  • Burmese
Online Registration

"သင့်အချစ်ဆုံးမိသားစုကို ငွေကြေးပြည့်စုံမှုဖြင့် ကာကွယ်ပေးရန်"

အသက် အာမခံ | ကျန်းမာရေးအာမခံ

ရည်ရွယ်ချက်

ကျန်းမာရေးအာမခံထားရှိခြင်းဖြင့်ဆေးကုသမှုအတွက်ကုန်ကျစရိတ်ကိုအတိုင်းအတာတစ်ရပ်ထိသက်သာစေရန် ရည်ရွယ်ပါသည်။

အာမခံထားနိုင်ခွင့်ရှိသူများ

-မြန်မာနိုင်ငံသားများ
-မြန်မာနိုင်ငံတွင်အကြောင်းအမျိုးမျိုးဖြင့် လာရောက်လျက်ရှိကြသည့် နိုင်ငံခြားသားမာျး

အာမခံထားမည့်သူအတွက် အသက်ကန့်သတ်ချက်

-အာမခံထားမည့်သူသည် အသက် (၆)နှစ်မှ (၆၅)နှစ် အတွင်းရှိရပါမည်။
-အသက် (၆)နှစ်မှ (၁၈)နှစ် အထိအတွက် မိဘ၊အုပ်ထိန်းသူက အာမခံထားရှိပေးနိုင်ပါသည်။

အာမခံသက်တမ်း

-အာမခံကြေး ပေးသွင်းသည့်နေ့မှစ၍ (၁)နှစ်

ပရီမီယံ

(၁)နှစ် အတွက်ပေးသွင်းရမည့် အာမခံချက်ဖြစ်ပါသည်။
-(၁)ယူနစ်မှ (၅)ယူနစ်ထိအများဆုံး ၀ယ်ယူနိုင်ပါသည်။
-(၁)ယူနစ် ၀ယ်ယူပါက ကျသင့်ပရီမီယံ ကျပ် ၅၀,၀၀၀/-
-(၅)ယူနစ် ၀ယ်ယူပါက ကျသင့်ပရီမီယံ ကျပ် ၂၅၀,၀၀၀/->

ဆေးရုံဆေးခန်းများ

အစိုးရဆေးရုံနှင့် ကျန်းမာရေးလုပ်ငန်းလိုင်စင်ဖြင့် ဖွင့်လှစ်ထားသော ပုဂ္ဂလိကဆေးရုံများ အားလုံးအကျုံးဝင်ပါသည်။

အကျိုးခံစားခွင့်များ

ဆေးရုံတက် ဆေးကုသရခြင်းကြောင့် ဆေးကုသစရိတ်ကို အောက်ပါအတိုင်း အကျိုးခံစားခွင့်ရရှိပါမည်-
-အာမခံပရီမီယံ(၁)ယူနစ်၊ဆေးရုံတက်ရက်(၁)ရက်လျှင် ကျပ် ၁၅,၀၀၀/-နှုန်းဖြင့် အများဆုံးရက်ပေါင်း (၃၀)အထိ
(ဆေးရုံတက်ရက် ၄-ရက်နှင့်အထက်အား အကျိုးခံစားခွင့်ရရှိပါမည်။)
-ဆေးကုသမှုခံယူပီးကွယ်လွန်ခဲ့လျှင် ဆေးကုသစရိတ်အပါအဝင်အများဆုံး ကျပ် (၁၀) သိန်း
-မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံရှုံးခဲ့လျှင် အကျိုးခံစားခွင့် ကျပ် (၁၀) သိန်း

ပိုမိုပြည့်စုံသော သတင်းအချက်အလက်များအတွက် အောက်ဖော်ပြပါ နေရာတွင်ရယူနိုင်ပါသည်။ Download

“သင့်ကျန်းမာရေး စိတ်အေးဖို့
ကျန်းမာရေး အာမခံထားကြစို့”