• English
  • Burmese
Online Registration

"ကုန်စည်သယ်ပို့စိတ်အေးဖို့ ရေကြောင်းကုန်ပစ္စည်း အာမခံထားကြစို့ "

GENERAL INSURANCE | MARINE CARGO INSURANCE

ရေကြောင်းကုန်ပစ္စည်းအာမခံ (Marine Cargo Insurance)

ကုန်းလမ်းကုန်ပစ္စည်းအာမခံ (Inland Transit Cargo Insurance)

- ပြည်တွင်းကမ်းရိုးတန်း၊ မြစ်ကြောင်းများတွင် သင်္ဘောများဖြင့်ကုန်စည် သယ်ယူပို့ဆောင်ခြင်း။
-ပြည်တွင်းကုန်းလမ်းတွင် မော်တော်ယာဉ်များဖြင့် ကုန်စည်သယ်ယူပို့ဆောင်ခြင်း။

 

 

အာမခံထားခွင့်ရှိသူများ

 

  ကုန်ပစ္စည်းပိုင်ရှင်များ

  ပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်များ

  ရေယာဉ်ပိုင်ရှင်၊ မော်တော်ယာဉ်ပိုင်ရှင်များ

  ကုန်ပစ္စည်းများပို့ဆောင်သည့်ရေယာဉ်ဂိတ်ပိုင်၊ မော်တော်ယာဉ်ဂိတ်ပိုင်

 

အာမခံအကာအကွယ်နှင့်အကျိုး ခံစားခွင့်များ

 

 ကုန်ပစ္စည်းများသယ်ဆောင်လာသော ရေယာဉ်သည်သဘာဝဘေးကြောင့်သော်လည်းကောင်း၊ တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊

         မီးလောင်မှုကြောင့်သော်လည်းကောင်း ရေယာဉ်နစ်မြုပ်ခြင်း(သို့မဟုတ်) သင်္ဘောပျက်စီးခြင်းကြောင့်ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်း။

 ရေယာဉ်နစ်မြုပ်မှုဘေးမှကင်းဝေးအောင် ဆောင်ရွက်ရာတွင်ကုန်ကျသည့်ကုန်ကျစရိတ်များ၊ အလုပ်သမားခများ Sue & Labour Charges များ

 ကုန်ပစ္စည်းတင်ဆောင်လာသော မော်တော်ယာဉ်တိမ်းမှောက်ပျက်စီးမှုကြောင့်လည်းကောင်း၊ မီးလောင်မှုကြောင့်လည်းကောင်း၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်း။

 အာမခံသက်တမ်းကုန်ပစ္စည်းများကို စတင်သယ်ယူသည့်နေရာမှ ဆိုက်ရောက်သည့်နေရာရောက်သည်အထိ ကြာသည့်အချိန်ကာလ (ယာဉ်မထွက်ခွာမီခန့်မှန်းရက်စွဲဖြင့် အာမခံထားရှိနိုင်ပါသည်)။

 ပိုမိုပြည့်စုံသောသတင်းအချက်အလက် များအတွက် အောက်ဖော်ပြပါနေရာတွင်ရယူနိုင်ပါသည်။ Download

 

 

"ကုန်စည်သယ်ပို့စိတ်အေးဖို့ GGI မှာ အာမခံထားကြစို့"