• English
  • Burmese
Online Registration

"သင်၏ဝန်ထမ်းများအား စုပေါင်းအသက်အာမခံထား ရှိပေးခြင်းဖြင့် Corporate Social Responsibilities ကိုမြှင့်တင်ပါ"

အသက်အာမခံ | စုပေါင်းအသက်အာမခံ

 

အကျိုးကျေးဇူးများ

သေဆုံးမှုလျော်ကြေး => အာမခံထားသူများ စာရင်းတွင်ပါဝင်သည့် အလုပ်သမားတစ်ဦးဦးသည် သက်တမ်းအတွင်း သေဆုံးပါက အာမခံထားငွေကိုအလုပ်ရှင်မှတစ်ဆင့် အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူတို့တစ်ကြိမ်တည်းထုတ်ပေးပါမည်။

ဒါဏ်ရာရမှုလျော်ကြေး => အာမခံသူများစာရင်းတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း ထိခိုက်ဒဏ်ရာရရှိလျှင် အောက်ပါလျော်ကြေးနှုန်းထားများအတိုင်း ရပိုင်ခွင့်ရှိပါသည်။ ဇယားတွင်ဖော်ပြမထားသော ဒဏ်ရာရမှုအတွက် ဆရာဝန်၏ထောက်ခံချက်အပေါ် အခြေခံ၍ သင့့်လျော်သောအကျိုး ခံစားခွင့်ထုတ်ပေးပါမည်။

ထာဝစဉ်မစွမ်းမသန်လျော်ကြေး => အာမခံထားသူများ စာရင်းတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးဦးသည် အာမခံသက်တမ်း အတွင်းထာဝစဉ် မစွမ်းမသန်ဖြစ်၍ အလုပ်အကိုင် လုံးဝမလုပ်နိုင်ခဲ့လျှင် ဆရာဝန်၏ ဆေးထောက်ခံချက်အရ အကျိုးခံစားခွင့် ၁၀၀% (အာမခံထားငွေ) အတိုင်းခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

အာမခံထားသည့် သက်တမ်း => အာမခံသက်တမ်းကို (၁)နှစ်အထိ ထားနိုင်ပါသည်။
 

ပရီမီယံနှုန်း
ပရီမီယံနှုန်းထားမှာအာမခံထားငွေ ၁၀,၀၀၀ ကျပ်အတွက် ၁၀၀ ကျပ် ဖြစ်ပါသည်။

ပရီမီယံပေးသွင်းခြင်း
ကျသင့်ပရီမီယံကို တစ်လုံးတည်းပေးသွင်းရင်။

ပိုမိုပြည့်စုံသော သတင်းအချက်အလက်များဖြစ်သော အာမခံအကာအကွယ်၊ အကျိုးကျေးဇူးများ၊ အာမခံသက်တမ်း၊ ပရီမီယံပေးသွင်းခြင်း၊ အဆိုလွှာဖြည့်စွက်ခြင်းနှင့် ဆုံးရှုံးမှုတောင်းခံခြင်း အဆင့်ဆင့်တို့အား အောက်ဖော်ပြပါ နေရာတွင်ရယူနိုင်ပါသည်။ part1

ကျေးဇူးပြု၍ Online Form အား Download ရယူပါ။ here